လားရှိုး ဒီဇင်ဘာ ၃၁
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့်ကော်မတီက လားရှိုးမြို့နယ်ရှိ ဘုန်းတော်ကြီး ကျောင်းများနှင့် သီလရှင်ကျောင်းများသို့ ယနေ့ နံနက် ၈ နာရီခွဲ အချိန်ကစတင်၍ ကျောင်းတိုက်များသို့ အရောက် သတ္တမအကြိမ် စားသောက်ကုန်နှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုဗစ်-၁၉ကာကွယ်၊ ထိန်းချုပ်ကုသရေး ခရိုင်အဆင့် ကော်မတီဥက္ကဋ္ဌ၊ လားရှိုးခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ချို ဦးဆောင်၍ အဖွဲ့ဝင်များပါဝင်ကာ လားရှိုးမြို့ရှိ သစ္စာတောရကျောင်း၊ မဏိရတနာကျောင်း၊ မိုးကုတ်တောရကျောင်း၊ သာသန့ရံသီ သီလရှင်ကျောင်း၊ ပညာလင်္ကာရကျောင်း၊ စက္ခုပါလ ကျောင်းတိုင်တို့မှ သံဃာတော်၊ သီလရှင် စုစုပေါင်း(၁၅၅)ပါးတို့အား ဆန်(၃၁)အိတ်၊ ဆီ(၁၂၅)ပိသာ၊ Mask(၁၂၅၀)ခု၊ ခေါက်ဆွဲခြောက်(၁၉)ဖာတို့အား ကျောင်းတိုက် အရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဟန်ဌေး(လားရှိုး)