ခမောက်ကြီးမြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင် ဖြန့်ဝေ

ခမောက်ကြီး ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာ စိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ယနေ့နံနက် ၉ နာရီက ခမောက်ကြီးမြို့ အမှတ် (၁) ရပ်ကွက်ရှိ ပြည်ထောင်စုလမ်းမကြီးနံဘေး လူစည်ကားရာနေရာများတွင် ဆောင်ရွက်ခဲ့သည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြစို့၊ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သောအနာဂတ်ဆီသို့လှုံ့ဆော်ရေးပိုစတာအား ခမောက်ကြီးမြို့  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တာဝန်ရှိသူနှင့် ဝန်ထမ်းများမြို့အတွင်းရှိ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်‌ကျေးရွာအုပ်ချုပ်ရေးမှူးများ တာဝန်ရှိသူများ တက်ရောက်ဖွင့်လှစ်စိုက်ထူခဲ့ပြီးနောက် လူစည်းကားရာ‌နေရာများ၌ ပြည်သူများအား ရွေးကောက်ပွဲတွင် ပြည်သူများ ပါဝင်မဲပေးနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြမယ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခမောက်ကြီး(ပြန်/ဆက်)