ပုလောမြို့၌ ဒို့အတူတူမဲပေးကြစို့ လှုံဆော်ရေးပိုစတာ စိုက်ထူ

ပုလော ဒီဇင်ဘာ ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့၌ ဒို့အတူတူမဲပေးကြမယ် လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းတို့ကို ဒီဇင်ဘာလ ၁၀ ရက် နံနက် ၁၀ နာရီက ပုလောမြို့နယ် ခန်းမရှေ့တွင် ဆောင်ရွက်ခဲ့ သည်။

အဆိုပါ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဒို့အတူတူမဲပေးကြစို့၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ လှုံ့ဆော်ရေးပိုစတာအား ပုလောမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စိုက်ထူပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)