‎မဟာအောင်မြေမြို့နယ် သံလျှင်မှော်အရှေ့ရပ်ကွက်၌ ယာယီနေရပ်စွန့်ခွာ ပြည်သူများကို ထောက်ပံ့ငွေများပေးအပ်

‎‎မဟာအောင်မြေ ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊မဟာအောင်မြေမြို့နယ်၊ သံလျှင်မှော်အရှေ့ရပ်ကွက် အဝေရာရာ မရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများကို ထောက်ပံ့ငွေများပေးအပ်ပွဲကို ယနေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

အဆိုပါ ထောက်ပံ့ပေးအပ်မှုများကို မဟာအောင်မြေမြို့နယ်၊ သံလျှင်မှော်အရှေ့ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သက်ဆိုင်ရာရပ်ကွက်‌စာရေးများမှ ဦးဆောင်၍ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီမှ သံလျှင်မှော်အရှေ့ ရပ်ကွက်အဝေရာရာမရန်ကင်းကျောင်းအတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူ (၁၅၁)ဦးအား တစ်ဦးလျှင် နှစ်သောင်းကျပ်နှုန်းဖြင့် သုံးလစာ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

အောင်ဇော်မင်း