မိုင်းရှူး(တောင်ပေါ်)၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းရှူးမြို့နယ်(တောင်ပေါ်)တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက အ.ထ.က(ဝမ်ကန်)နှင့် အ.လ.က-ခွဲ(ဆိုင်းလျှံ)၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ယင်းအသိပညာပေးဟောပြောပွဲတွင် ကျောင်းအုပ်ဆရာမကြီးများက ကျောင်းစည်းကမ်း အကြောင်းပြောကြားပြီး အားကစားနှင့်ကာယပညာဦးစီးဌာန၊ နည်းစနစ်မှူး ဦးကျော်ဝင်းက ဗလငါးတန်အကြောင်းနှင့် အားကစားအမျိုးမျိုး ပြုလုပ်ခြင်းကြောင့်ရရှိသည့် အကျိုးကျေးဇူးများ ဟောပြောသည်။

အဆိုပါ အ.ထ.က(ဝမ်ကန်)နှင့် အ.လ.က-ခွဲ(ဆိုင်းလျှံ)ကျောင်းတို့တွင် နည်းစနစ်မှူး ဦးကျော်ဝင်းက ကျောင်းအုပ်ဆရာမကြီးထံ ဘောလုံး(၁)လုံး၊ ဘော်လီဘော(၁)လုံး၊ ပိုက်ကျော်ခြင်း(၁)လုံးစီ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)