မောက်မယ်မြို့နယ် ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်

မောက်မယ် ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးတို့အတွက် ကျေးလက်နေပြည်သူများအနေဖြင့် လူနေမှုအဆင့်အတန်းမြင့်မားလာပြီး လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မြှင့်မားလာစေရေးအတွက် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင် ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ညနေပိုင်းက နမ့်လွတ်ကျေးရွာအုပ်စုရှိ ဂေါ်ဒန်ကျောက် လုပ်ကွက်မြေနေရာသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်နှင့်အဖွဲ့ဝင်များ ဦးဆောင်သောအဖွဲ့သည် နမ့်လွတ်ကျေးရွာအုပ်စုရှိ မြေဧရိယာ(၁၉.၆)ဧက လုပ်ကွက်(၁)ကွက်တွင် ဂေါ်ဒန်ကျောက်(စက်မှုတွင်းထွက်ကုန်ကြမ်း) အသေးစားစမ်းသပ်တိုင်းတာ ခွင့်ပြုမိန့်ရရှိခဲ့ပြီးဖြစ်သဖြင့် ထုတ်လုပ်ကူးပြောင်းနိုင်ရေး MONG SIT GROUP Trading Co,ltd ဦးကျော်ကိုထိုက်မှ လျှောက်ထားတင်ပြလာသည့် လုပ်ကွက်မြေနေရာသို့ မြို့နယ်မြေစာရင်းဦးစီးဌာန၊ မြို့နယ်သစ်တောဦးစီးဌာန၊ သက်ဆိုင်ရာကုမ္ပဏီတာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူးတို့နှင့်အတူ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)