ဟင်္သာတ ဒီဇင်ဘာ ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်ရှိ quarantine center များတွင် အသုံးပြုရန်အတွက် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ လှူဒါန်းသော ခြေနင်းလက်ဆေး ဘေစင်(၂)လုံးတွဲများကို ယနေ့နံ နက်ပိုင်းက ဟင်္သာတမြို့နယ်ကြက် ခြေနီသူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှသွားရောက်ပေး အပ် လှူဒါန်းခဲ့သည်။
မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ဟင်္သာတမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါထိန်းချုုပ်ရေးအတွက် ပြည်တွင်းပြန်၊ ပြည်ပပြန်နှင့် ရောဂါပိုးရှိသူနှင့် ထိတွေ့ခဲ့သည့် ဆက်စပ်သံသယလူနာများထား ရှိသည့် Quarantine Centre များဖြစ်သော ဟင်္သာတမြို့ရှိ အထက(၁) စာသင်ကျောင်း၊ နတ်မော် ကျေးရွာရှိ အ.ထ.က (နတ်မော်) နှင့် ဒူးယားမြို့ရှိ အ.ထ.က (ဒူးယား) စာသင်ကျောင်း တို့သို့ ပေးပို့လှူဒါန်းသော ခြေနင်း လက်ဆေး (၂) လုံးတွဲ ဘေစင် တို့ကို ဟင်္သာတခရိုင်နှင့် မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ စေတနာ့လုပ်အားရှင်များမှ သွားရောက် တပ်ဆင်ပေးအပ်လှူဒါန်းခဲ့ ကြကြောင်းသိရသည်။
ကျော်ကျော်