ငလျင်ဘေးဒဏ်သင့်အိမ်ထာင်စု(၄၈၀)စုအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

ကျောက်ဆည် ဒီဇင်ဘာ ၁၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကြက်ခြေနီအသင်းတို့ပူးပေါင်း၍ ယနေ့နံနက်ပိုင်းက မေတ္တာကိုယ်ပိုင်အထက်တန်းကျောင်း ပစ္စည်းသိုလ်လှောင်ခန်းမတွင် ငလျင်ဘေးဒဏ်သင့်ခံခဲ့ရသည့် ကျေးရွာတစ်ရွာနှင့်ရပ်ကွက်(၃)ရပ်ကွက်မှ အိမ်ထောင်စု(၄၈၀)စုအား ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ထောက်ပံ့ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဦးထိုက်ထိုက်ဇော်၊ ခရိုင်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဒေါ်သင်းပျံကြူနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ  ဒေါ်နှင်းယုသင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကြက်ခြေနီအသင်းမှ တပ်ဖွဲ့မှူးဦးပြည်စိုးနှင့် တပ်ဖွဲ့ဝင်များမှ ဆူးကုန်း၊ ရဲစု၊ အေးမြကြည်လင်ရပ်ကွက်နှင့် ငါးဆူကျေးရွာတို့မှ ငလျင်ဘေးသင့် အိမ်ထောင်စု(၄၈၀)စုအား အိမ်ထောင်စုတစ်စုအတွက် ကိုရီယားခြုံစောင်(၁)ထည်၊ အရေးပေါ်ခြုံစောင် (၁)ထည်၊(၁၈x၁၂) မိုးကာ (၁)ထည်တို့အား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)