ဖလမ်း ဒီဇင်ဘာ ၃၁
ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအနေဖြင့် ရေးဆွဲထုတ်ပြန်ထားရှိသော ကျေးရွာလည်ပတ်မှု ခရီးစဉ်နှင့် လူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism) များအတွက် ကိုဗစ်-၁၉ရောဂါ ကြိုတင် ကာကွယ်ရေးဆိုင်ရာ အကြံပေးလမ်းညွှန်ချက်များကို ခရီးသွား ဧည့်သည်များ သိရှိနိုင်ရန်နှင့် ကျေးရွာရှိ ဝန်ဆောင်မှုပေးသူများ လိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခြင်းနှင့် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်းကို လူထုအခြေပြု ခရီးသွားလုပ်ငန်း တည်ရှိရာ ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာနှင့် ကလောမွန်ကျေးရွာတို့တွင် ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ဖလမ်းမြို့နယ်၊ တာရွှန်းကျေးရွာနှင့် ကလောမွန်ကျေးရွာများတွင် ကျေးရွာလည်ပတ်မှု ခရီးစဉ်နှင့် လူထုအခြေပြု ခရီးသွားလုပ်ငန်း (Community Based Tourism)များအတွက် ကိုဗစ်-၁၉ ကာကွယ်ရေး လိုက်နာရန် အသိပညာပေး ဆိုင်းဘုတ်များကို စိုက်ထူကြပြီးနောက် ချင်းပြည်နယ်ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီ အတွင်းရေးမှူး ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှု ဦးစီးဌာန ပြည်နယ် တာဝန်ခံ ဦးအောင်ဖြိုးနှင့် ဖလမ်းမြို့နယ် ခရီးစဉ်ဒေသ စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဖလမ်းမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြားအွယ်တို့က ပါးစပ်နှင့် နှာခေါင်းစည်းများ၊ Hand Gel များ၊ Face shield များကို ပေးအပ်လှူဒါန်း ခဲ့ကြကြောင်း သိရသည်။
ဂျွန်