ဘိုကလေး ဒီဇင်ဘာ ၁၂
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ၂၀၂၆ ခုနှစ် ယမန်နေ့တွင် ကျင်းပြုလုပ်မည်ဖြစ်ရာ အသက်(၁၈)နှစ်ပြည့်ပြီးသူ ပြည်သူတစ်ရပ်လုံး ပါဝင်မဲပေးနိုင်ရေး လှုံဆော်သည့်အနေဖြင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ပူးပေါင်း၍ ယနေ့နံနက်(၈)နာရီခွဲအချိန်၌ “ဒို့အတူတူမဲပေးကြမယ်” လှုံ့ဆော်လက်ကမ်းစာစောင် အစောင်ရေ(၁၅၀၀)အား မြို့နယ်တွင်းရှိ လူစည်ကားရာ အရပ်များတွင် ဖြန့်ဝေခဲ့ကြသည်။
ဖြန့်ဝေရာတွင် ဧရာဝတီသင်္ဘောဆိပ်နှင့် ကမ်းနားလမ်းတစ်လျှောက်၊ မြို့မဈေးပတ်ဝန်းကျင်၊ မော်တော်ယာဉ်ဂိတ်နှင့် အနှေးယာဉ်ဂိတ်များ၊ ဒုတိယလမ်းတစ်လျှောက် စသည့် လူစည်ကားရာ အရပ်များတွင် လှုံ့ဆော်လှုပ်ရှား ဖြန့်ဝေပေးခဲ့ကြောင်းနှင့် အဆိုပါပူးပေါင်းအဖွဲ့အနေဖြင့် ရွေးကောက်ပွဲ မပြုလုပ်မီကာလအတွင်း ယင်းကဲ့သို့ လှုံ့ဆော်လှုပ်ရှားမှုများအား စဉ်ဆက်မပြတ် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုးစက်(ဘိုကလေး)