နမ့်စန်မြို့ အ.ထ.ကကျောင်းတွင် စားပွဲတင်တင်းနစ်နှင့် ဘက်စကက်ဘောပြိုင်ပွဲကျင်းပ

နမ့်စန်(တ) ဒီဇင်ဘာ ၁၂

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်၊ အခြေခံပညာအထက်တန်းကျောင်း(နမ့်စန်)တွင် ကျောင်းသား၊ ကျောင်းသူများ ပညာရေးတွင်သာမက အားကစားကဏ္ဍ အသီးသီးတွင်ပါ ထူးချွန်ထက်မြက်စေရန်ရည်ရွယ်၍ ကျောင်းတွင်းအားကစားပြိုင်ပွဲများကို လစဉ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက စားပွဲတင်တင်းနစ်ပြိုင်ပွဲနှင့် ဘက်စကက်ဘောပြိုင်ပွဲတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အ.ထ.က(နမ့်စန်)ရှိ ကျောင်းသား၊ ကျောင်းသူများ ပြိုင်ပွဲအလိုက်ယှဉ်ပြိုင်နေမှုကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်အားကစားမှူး ဦးအောင်ကိုကို၊ နည်းစနစ်မှူး ဦးအေးချမ်းနိုင်၊ အ.ထ.က(နမ့်စန်)မှ ကျောင်းအုပ်ဆရာမကြီး ဒေါ်မွန်မွန်မြင့်နှင့် တာဝန်ရှိသူများက ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ ကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

အဆိုပါ ပြိုင်ပွဲများကို ဒီဇင်ဘာလ (၁၂) ရက်မှ (၁၃) ရက်နေ့ထိ ဆောင်ရွက်သွားမည်ဖြစ်ပြီး စားပွဲတင်တင်းနစ်ပြိုင်ပွဲတွင် ကျောင်းသား (၁၃) ဦးနှင့် ဘက်စကက်ဘောပြိုင်ပွဲတွင် ပြိုင်ပွဲဝင် အသင်း (၅) သင်း ဝင်ရောက်ယှဉ်ပြိုင်လျက်ရှိကြောင်း သိရသည်။

သူရအောင်(နမ့်စန်)