ကုန်းကြမ်းမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) စုပေါင်းရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်း အိမ်ရာသစ် ဖွင့်ပွဲပြုလုပ်

ကုန်းကြမ်း ဒီဇင်ဘာ ၃၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ကုန်းကြမ်းမြို့နယ်တွင် ပြည်သူ့ဝန်ဆောင်မှုရုံး (OSS) စုပေါင်းရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာသစ် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် နာရီက အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံးဝန်း အတွင်း၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်၊ အမှတ်() စစ်ဆင်ရေး ကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် မိုးထွန်းနိုင်၊ ဦးစီးဖွဲ့ အတွင်းရေးမှူး ဦးထွန်းကျော်ကျော်၊ ဦးစီးဖွဲ့အဖွဲ့ဝင်  ဦးစန်းလွင်နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းဝင်းစိုးတို့က ကုန်းကြမ်းမြို့နယ် ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) စုပေါင်းရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာသစ်အား ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။

ထို့နောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် အဖွဲ့ဝင်များသည် ကုန်းကြမ်းမြို့နယ် ဌာနဆိုင်ရာများနှင့် တွေ့ဆုံကာ  မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ကော်မတီသို့ နှာခေါင်းစည်း(Mask) ၁၇၀၀၀ အား ထောက်ပံ့ပေးအပ်ခဲ့ပြီး ပြည်သူ့ဝန်ဆောင်မှုရုံး(OSS) စုပေါင်းရုံးနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ဝန်ထမ်းအိမ်ရာသစ်ဖွင့်ပွဲ  အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့သည်။

ယင်းနောက် ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဉက္ကဋ္ဌ ဦးကျောက်တယ်ချန်နှင့် အဖွဲ့ဝင်များသည် ကုန်းကြမ်း မြို့နယ်အတွင်းရှိ ဆောက်လုပ်လျက်ရှိသည့် ဌာနဆိုင်ရာ အဆောက်အဦးများအား  လိုက်လံကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

ဇော်ဇော်အောင် (ပြန်/ဆက်)