ကော့သောင်းမြို့တွင်(၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာ စောင်များဖြန့်ဝေ

ကော့သောင်း ဇန်နဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်း များက ၂၀၂၁ ခုနှစ်၊ ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်း စာစောင် အတွဲ(၅)၊ အမှတ်(၁)ကို ယမန်နေ့ နံနက်ပိုင်းက ဆိပ်ကမ်းသာပန်းခြံနှင့် လူစည်ကားရာနေရာ ကမ်းနားလမ်း တို့တွင် လိုက်လံဖြန့်ဝေခဲ့ကြကြောင်း သိရ သည်။

အထိမ်းအမှတ်အဖြစ် ထုတ်ဝေသည့် အဆိုပါသတင်းစကား လက်ကမ်းစာစောင်တွင် ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက်နေ့ ရန်ကုန်မြို့တော်ခန်းမ၌ ကျင်းပသော ပြည်သူ့အစည်းအဝေးကြီးတွင် ဗိုလ်ချုပ်အောင်ဆန်း ပြောကြားခဲ့သည့် လွတ်လပ်ရေးဆိုတဲ့အဓိပ္ပါယ် မိန့်ခွန်းကောက်နုတ်ချက်၊  (၇၂)နှစ်မြောက် လွတ်လပ်ရေနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သည့် သဝဏ်လွှာမှ ကောက်နုတ်ချက်၊ ၂၀၂၀ ပြည့်နှစ်၊ မတ်လ ၃ ရက်နေ့ ပြင်ဦးလွင် ခရီးစဉ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား သည့် အမှာစကား ကောက်နုတ်ချက်များ၊ လွတ်လပ်ရေးကြေညာ စာတန်းကောက်နုတ်ချက်၊ လွတ်လပ်ရေးသစ္စာ အဓိဋ္ဌာန်(၉)ချက်၊ (၇၃)နှစ် မြောက်လွတ်လပ်ရေးနေ့ အမျိုးသားရေး ဦးတည်ချက်များ၊ ကဗျာဆရာ မြင်းမူမောင်နိုင်မိုး၏ “လွတ်လပ် ရေးအသိ၊ လွတ်လပ်ရေးသတိ” ကဗျာ စသည့် အကြောင်းအရာများ ပါဝင်ပြီး မြို့နေပြည်သူများ လေ့လာသိရှိစေရန်ရည်ရွယ်၍ ဖြန့်ဝေခြင်းဖြစ်ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)