တီးတိန် ဒီဇင်ဘာ ၁၃
ချင်းပြည်နယ်၊ တီးတိန်မြို့၌ အခြေခံပညာဦးစီးဌာနနှင့် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းပြီး လူငယ်အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရှောင်စွန်းစံပြကျေးရွာ အခြေခံပညာဦးစီးဌာန၊ အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ပြုလုပ်သည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဝင်းသန်းက အမှာစကားပြောကြားပြီး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးညီညီအောင်က လူငယ်နှင့်ကျင့်ဝတ်၊ မြို့နယ်လူဝင်မှုနှင့်ကြီးကြပ်ရေးဦးစီးမှူး ဦးဝေဖြိုးဆောင်က လူငယ်နှင့်နိုင်ငံသား၊ မြို့နယ်ပညာရေးမှူး ဒေါ်ငိုင်ဆောမ်းညောင်က လူငယ်နှင့်ပညာရေး၊ မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ဒိုင်းခန့်ဒိမ့်က လူငယ်နှင့်စည်းကမ်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ခံ ဒေါ်ကျိန်ခန့်ဒိမ့်က လူငယ်နှင့်အားကစား စသည်များ ဟောပြောခဲ့ကြသည်။
ဆက်လက်၍ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက နယ်လှည့်စာကြည့်တိုက်ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ဖတ်ရှုလေ့လာကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)