တနိုင်း ဒီဇင်ဘာ ၁၃
၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အခြေခံပညာကျောင်းများတွင် ရွေးကောက်ပွဲတွင် အသုံးပြုသွားမည့် မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်ဆန္ဒမဲပေးခြင်းများ ဆောင်ရွက်လျှက်ရှိရာ ယမန်နေ့နံနက် (၉)နာရီက မကောကျေးရွာအုပ်စု၊ မူလွန်-တန်လပ်စာသင်ကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ အသိပညာပေးကွင်းဆင်းဆောင်ရွက်ခြင်းကို ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီက ကြီးကြပ်ဆောင်ရွက်မှုဖြင့် ပြုလုပ်ခြင်းဖြစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးက မြန်မာအီလက်ထရောနစ် (MEVM) ဖြင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်း လုပ်ငန်းအကြောင်း သိကောင်းစရာများကို အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားခြင်းနှင့် အသိပညာပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
ထို့အပြင် တက်ရောက်လာသော အသက် (၁၈)ပြည့်ပြီးသူ မဲဆန္ဒရှင်များအား မဲပေးစက်တွင် သက်ဆိုင်ရာလွှတ်တော်အလိုက် နည်းစနစ်ကျမှန်ကန်စွာ မဲပေးနိုင်ရေး ကိုယ်တိုင်စမ်းသပ်မဲပေးခြင်းလုပ်ငန်းကို လက်တွေ့သရုပ်ပြဆောင် စေခဲ့ကြသည်။
အဆိုပါ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) ဖြင့် ဆန္ဒမဲပေးနည်း အသိပညာပေးခြင်းနှင့် လက်တွေ့သရုပ်ပြသခြင်းကို မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင် ဗိုလ်မှူးတေဇာအောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝါဦး၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်၊ ကျေးရွာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကော်မရှင်ဝန်ထမ်းများက မြို့နယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများအလိုက် ရပ်/ကျေးတာဝန်များခွဲဝေ၍ ပြည်သူများအား စနစ်တကျ ရှင်းလင်းသရုပ်ပြဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
နေလင်းထူး(ပြန်/ဆက်)