ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၌ “ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့” "တို့အတူတူမဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များဖြန့်ဝေ

တောင်ကြီး ဒီဇင်ဘာ ၁၃

၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံးပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ "တို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်လက်ကမ်းစာစောင်များဖြန့်ဝေခြင်း ကမ်ပိန်းကို ဒီဇင်ဘာလ (၁၂)ရက်နေ့၊ မွန်းလွဲပိုင်းက ရှမ်းပြည်နယ် တောင်ကြီးမြို့၊ ဗိုလ်ချုပ်အောင်ဆန်း ပန်းခြံရှေ့မီးပွိုင့်အနီးတွင် ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့ "တို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော် လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကမ်ပိန်းကို တောင်ကြီးမြို့၊  ဗိုလ်ချုပ်အောင်ဆန်းပန်းခြံရှိ နိုင်ငံသားအခွင့်အရေးမဆုံးရှုံးဖို့ မဲပေးကြပါစို့ မြေစိုက်ပိုစတာရှေ့၊ မီးပွိုင့်လမ်းဆုံတွင် ဆောင်ရွက်ရာ ဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်တိုင်းရင်းသားရေးရာဝန်ကြီး ဦးအောင်ကြည်ဝင်းက၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်နှင့်မြို့နယ် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှဝန်ထမ်းများ၊ ခရိုင်ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အမျိုးသမီးရေးရာအဖွဲ့၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဝန်ထမ်းများ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ခွဲမှတပ်ဖွဲ့ဝင်များအား ရွေးကောက်ပွဲ လှုံ့ဆော် လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးပြီး၊ ပြည်နယ်ဝန်ကြီးနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များက  အဆိုပါ မီးပွိုင့်လမ်းဆုံတွင် ဖြတ်သန်းသွားလာနေသည့် မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ်မောင်းနှင်သူများနှင့် ခရီးသည်များအား ရွေးကောက်ပွဲလှုံ့ဆော် “ဒို့အတူတူ မဲပေးကြမယ်" လက်ကမ်းစာစောင်များကို ပြည်သူ့လက်ဝယ်အရောက် ဆက်လက်ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံး ပါဝင်မဲပေး နိုင်ရေးအတွက် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" "တို့အတူတူ မဲပေးကြမယ်" ရွေးကောက်ပွဲလှုံ့ဆော်မြေစိုက်ပိုစတာစိုက်ထူခြင်းလုပ်ငန်းကို တောင်ကြီးမြို့ အတက်လမ်းရှုခင်းသာ ပန်းခြံအနီးတွင်လည်းကောင်း၊ မြို့မဈေးမီးပွိုင့်ဒေါင့်အ‌နီးတွင်လည်းကောင်း စိုက်ထူထားရှိဆောင်ရွက် လျက်ရှိကြောင်းသိရပြီး အဆိုပါ မြေစိုက်ပိုစတာစိုက်ထူလှုံ့ဆော်ခြင်းလုပ်ငန်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေလှုံ့ဆော်ခြင်းလုပ်ငန်းများကို ရှမ်းပြည်နယ်အတွင်းရှိ ခရိုင်နှင့်မြို့နယ်များတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)