ကော့သောင်းမြို့၌ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲကျင်းပ

ကော့သောင်း ဒီဇင်ဘာ ၁၃

 တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဒီဇင်ဘာအားကစားလ ကိုယ်လက်လှုပ်ရှားခြင်းဖြင့် ကျန်းမာကြံ့ခိုင်မှုရှိစေရန်နှင့် ချစ်ကြည်ရင်းနှီးမှုရှိစေရန်အတွက် ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲဗိုလ်လုပွဲကို ယမန်နေ့ ည‌ (၆) နာရီက နဝရတ်အားကစားခန်းမ၌  ကျင်းပခဲ့သည်။

အဆိုပါ ဌာနဆိုင်ရာပေါင်းစုံ ဖူဆယ်ဘောလုံးအားကစားပြိုင်ပွဲကို နိုဝင်ဘာ ၂၉ ရက်နေ့မှ စတင်၍ (မြေစာရင်း၊အား/ကာ၊လဝက၊ဆေးတပ်) ဌာနဆိုင်ရာ အသင်း(၄)ဖြင့် သတ်မှတ်ရက်အလိုက် ယှဉ်ပြိုင်ကစားခဲ့ကြပြီး အကြိုဗိုလ်လုပွဲပြိုင်ပွဲမှ အနိုင်ရအသင်းများဖြစ်ကြသော မြေစာရင်းအသင်းနှင့် အား/ကာအသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ခဲ့ကြရာ မြေစာရင်းအသင်းမှ (၆-၂)ဂိုးဖြင့် အနိုင်ရရှိခဲ့သည်။

အဆိုပါ ဗိုလ်လုပွဲယှဉ်ပြိုင်မှုအား ဌာနဆိုင်ရာများ၊ အားကစားဝါသနာရှင်များ လာရောက်အားပေးခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)