ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ရှမ်းပြည်နယ်(တောင်ပိုင်း) အခြေခံပညာဦးစီးဌာန အရာထမ်း၊အမှုထမ်းများနှင့် တွေ့ဆုံ

တောင်ကြီး ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်သည် ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ ရှမ်းပြည်နယ်(တောင်ပိုင်း)ရှိ အရာထမ်း၊အမှုထမ်းများနှင့်တွေ့ဆုံပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက တောင်ကြီးမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဒေါ်ခင်သိန်းခန်းမ၌ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးမင်းမင်းလွင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကို ကျင်းပပြုလုပ်မည်ဖြစ်ရာ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပပြုလုပ်နိုင်ရေးအတွက် ဆရာ/ဆရာမများမှ အမျိုးသားရေးတာဝန်တစ်ရပ်အဖြစ်ခံယူ၍ ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းစဉ်များတွင် ပါဝင်ဆောင်ရွက်ပေးကြရန်၊ တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် ကျောင်းသား၊ကျောင်းသူများအား သင်ကြားပို့ချပေးရန်၊ ထူးချွန်ထက်မြက်သည့် ကျောင်းသား/ကျောင်းသူများ ပေါ်ထွန်းလာစေ‌ရေး၊ နိုင်ငံတော်အတွက် အားထားရသည့် သားကောင်းရတနာများပေါက်ထွန်းလာစေရေးကို ငယ်ရွယ်စဉ်ကတည်းက ပြုစုပျိုးထောင်ပေးရန်၊ အဖွဲ့အစည်းတစ်ခုဖြစ်သည့်အတွက် စည်းစည်းလုံးလုံးညီညီညွတ်ညွတ်ဖြင့် နေထိုင်သွားရန် ပြောကြားခဲ့သည်။

တွေ့ဆုံပွဲသို့ ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး၊ အခြေခံပညာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ ညွှန်ကြားရေးမှူးများ၊ ဒုတိယညွှန်ကြားရေးမှူးများ၊ ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ အထက်တန်း၊ အလယ်တန်း၊ မူလတန်းကျောင်းအုပ်ကြီးများ၊ ခရိုင်(၈)ခရိုင်၊ မြို့နယ်(၂၁)မြို့နယ်မှ အရာထမ်း၊ အမှုထမ်းများနှင့် ဌာနဆိုင်ရာများစုစုပေါင်း (၃၀၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

စိုင်းသန်းကျော်(တောင်ကြီး)