ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို ဟောပြောပွဲနှင့် လူငယ်အသိပညာပေးပြပွဲ ကွင်းဆင်းဆောင်ရွက်

ညောင်ရွှေ ဒီဇင်ဘာ ၁၃

၂၀၂၆-ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင်ကျရောက်မည့် (၇၈)နှစ်မြောက်လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အကြိုဟောပြောပွဲကို ယမနနေ့ နေ့လည်(၁)နာရီက ရှမ်းပြည်နယ်၊ ညောင်ရွှေမြို့နယ် သလဲဦးကျေးရွာအုပ်စု သလဲဦးအလယ်မြောင်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးနေမျိုးသူရိန်က လွတ်လပ်ရေးဖြစ်ပေါ်လာပုံသမိုင်းကြောင်း၊ လွတ်လပ်ရေးနေ့ဦးတည်ချက်များ၊ လွတ်လပ်ရေးထိန်းသိမ်းစောင့်ရှောက်မှုနှင့် အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်ရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးအကြောင်းအရာများကိုလည်းကောင်း၊ ဓာတ်ပုံကျွမ်းကျင်-၂ ဦးစိုင်းသက်နိုင်က လွတ်လပ်ရေးနှင့်လူငယ်များ၏ သမိုင်းပေးတာဝန်အကြောင်းအရာကိုလည်းကောင်းအသီးသီး အသိပညာပေးဟောပြောခဲ့သည်။

ဟောပြောပွဲအပြီးတွင် ကျောင်းသား၊ ကျောင်းသူလေးများသည် ခင်းကျင်းပြသထားသည့် လူငယ်ဆိုင်ရာအသိပညာပေးပြပွဲနှင့် မူးယစ်ဆေးဝါးအန္တရာယ်အသိပညာပေး နံရံကပ်စာစောင်၊ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ဝင်တစား လေ့လာကြည့်ရှု့ခဲ့ကြကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ