ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဦးစီးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ဟိုပုံး ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြိုနယ်တွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့် ရဒေသဦးစီး အဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်နှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့ နံနက်(၉)နာရီ အချိန်က ကွင်းဆင်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ကွင်းဆင်းစစ်ဆေးရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဦးစီးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်စံလွင်၊ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် တာဝန်ရှိသူများက ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေး နှစ်မှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုရန်ပုံငွေကျပ် (၆၃၈၃)သိန်းဖြင့် Shan Home Land ဆောက်လုပ် ရေးကုမ္ပဏီမှ တာဝန်ယူ ဆောင်ရွက်သည့် မိုင်းပျဉ်းတိုက်နယ်ဆေးရုံ စတုရန်းပေ (၁၃၃၁၁) ရှိ ဆေးရုံ အဆောက်အဦ(၁)လုံး၊ စတုရန်းပေ(၁၄၆၄)ရှိ (၂)ခန်းတွဲ(၁)ထပ် ဆရာဝန်အိမ်ရာ (၁)လုံး၊ စတုရန်းပေ (၁၂၆၉)ရှိ (၃)ခန်းတွဲ တစ်ထပ်ဝန်ထမ်း အိမ်ရာ(၁)လုံး၊ စတုရန်းပေ(၁၈၆၂)ရှိ (၄)ခန်းတွဲ(၁)ထပ် သူနာပြုအိမ်ရာ (၁)လုံး၊ ပေ(၁၅x၂၀)ရင်ခွဲရုံ အဆောက်အဦ(၁)လုံး၊ ခြံစည်းရိုးကာခြင်းအုတ် (၄၀၀)ပေ (၆)ပေ ဂိတ်တံခါး (၂)ပေါက်၊ အုတ်ခုံတုံး၊ သွပ်ဆူးကြိုး(၁၂၀၀)ပေ (၆)ပေဂိတ် တံခါး၂နှစ်ပေါက်၊ (၁၂)ပေအကျယ် ကွန်ကရစ်လမ်း ပေ(၈၅၀) ခင်းခြင်း၊ (၄)ပေအဝီစိတွင်း(၁)တွင်း အုတ်ရေစက်အိမ်၊ 7.25HP Engine Compressor (၁၆)ပေ အမြင့်ရေစင်၊  ဂါလံ(၁၆၀၀)ဆံ့ ရေတိုင်ကီပြီးစီးမှု အခြေအနေများကို လည်းကောင်း၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု ရန်ပုံငွေကျပ် (၁၉၂.၀၀)သန်းဖြင့် Willian Sky ကုမ္ပဏီမှ ဆောင်ရွက် သည့် နောင်ဒေးကျေးရွာအုပ်စု စပ်တော-နောင်ဒေး လမ်း(၁၂/၀)မိုင်အနက် (၄/၀)မိုင် ကျောက်ခင်း ပြီးဖြစ်၍ ကျန်(၈/၀)မိုင်မှ (၁)မိုင် (၄)ဖာလုံ ကျောက်ခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုကို လည်းကောင်း၊ မြို့နယ်လမ်းဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် ပြည်နယ်ခွင့်ပြု ရန်ပုံငွေကျပ် (၂၅၇.၈၁)သန်းဖြင့် ဆောင်ရွက် မည့် မိုင်းလင်းကျေးရွာအုပ်စု မိုင်းလင်း-တုံလောလမ်း ကျောက်ချောလမ်းမှ ကတ္တရာလမ်းအဆင့်မြှင့်တင်ခြင်း (၂)မိုင် လုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်း ကြည့်ရှု စစ်ဆေးခဲ့ကြကြောင်း သိရသည်။

နေမင်းထွန်း(ဟိုပုံး)