နမ္မတူမြို့နယ်၌ မီးဘေးသင့်နေအိမ် (၁)လုံးအား ထောက်ပံ့ပေးအပ်

နမ္မတူ ဇန်နဝါရီ ၁

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထာရေးဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံ ခန့်ခွဲမှု ဦးစီးဌာနမှ နမ္မတူမြို့နယ်၊ ပန်ဟိုက်ရပ်ကွက်(၈)တွင်  ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၂၉)ရက်နေ့က  မီးဖိုမီးကြွင်း/မီးကျန်မှ မီးလောင်ကျွမ်းပျက်စီးခဲ့သော နေအိမ်(၁)လုံးအား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဒီဇင်ဘာလ (၃၀)ရက်နေ့ နေ့လယ် (၂)နာရီအချိန်က ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်ဟိုက် ရပ်ကွက် (၈)၌ ဆောင်ရွက်ခဲ့သည်။

ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် နမ္မတူမြို့နယ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးမင်းဇော်၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဝဏ္ဏထွန်းအေးနှင့် မြို့နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲ့မှုဦးစီးဌာနမှ တာဝန်ခံ ဒေါ်မြတ်သူနှင်းတို့က မီးဘေးသင့်အိမ်ထောင်စု(၁)စု၊ လူဦးရေ(၁)ဦးအတွက် ကယ်ဆယ်ရေးပစ္စည်း(၁၅)မျိုးပါ ပလတ်စတစ်ပုံး (၁)ပုံး၊ ရက်သတ္တတစ်ပတ်စာ ဆန်ဖိုးရိက္ကာငွေကျပ် (၂၁၀၀) ကျပ်နှင့် အိမ်ဆောက်ပစ္စည်းတန်ဘိုးငွေကျပ် (၁၀၀၀၀၀)ကျပ်အား ဘေးသင့်ပြည်သူလက်ဝယ်အရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)