ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး ပိုစတာစိုက်ထူခြင်းနှင့် "ဒို့အတူတူမဲ‌ပေးကြမယ်" လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကော့သောင်း ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး ၊ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ လှုံ့ဆော်ရေးပိုစတာစိုက်ထူခြင်းနှင့် "ဒို့အတူတူမဲပေးကြမယ်" လက်ကမ်းစာစောင် ဖြန့်ဝေခြင်းတို့ကို ယမန်နေ့ညနေပိုင်းက ကော့သောင်းမြို့၊ အေးမြကန်သာရပ်ကွက်၊ ပြည်သူ့ဆေးရုံအနီးတွင် ဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာတွင် ကော့သောင်းမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်လင်းထက်၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး‌‌ ဒေါ်ဝါဝါခိုင်နှင့် ဝန်ထမ်းများ၊ ကော့သောင်းခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့နှင့် ကော့သောင်းခရိုင်နှင့်မြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက

"ဒို့အတူတူ မဲပေးကြမယ်၊ ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့" ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးပိုစတာ Bill Board စိုက်ထူခြင်းအခမ်းအနားအား တက်ရောက်ဖွင့်လှစ်ခဲ့ကြပြီး ပြည်ထောင်စုလမ်းမကြီးတွင် လမ်းသွားလမ်းလာပြည်သူများအား  ဒီဇင်ဘာ (၂၈)ရက်နေ့၌ ကျင်းပမည့်  ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် အသက် (၁၈)နှစ်ပြည့်ပြီး မဲပေးပိုင်ခွင့်ရှိသူများ ပါဝင်မဲပေးနိုင်ရေးအတွက် "ဒို့အတူတူမဲပေးကြမယ်" သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)