ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာ၌ အခြေခံပညာကျောင်းနှင့် ကျောင်းဝင်းမြေ လွှဲပြောင်းပေးအပ်ပွဲကျင်းပ

ဝက်လက် ဇန်နဝါရီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် ကမ်းဖြူကျေးရွာတွင် ယမန်နေ့က ကျွန်းပင် ရိပ်သာ ဆရာတော် ပိုင် ဧရာဝတီဖောင်ဒေးရှင်းမှ ဆောက်လုပ်လှူဒါန်းသည့် အခြေခံပညာကျောင်း အဆောက်အဦးနှင့် ကျောင်းဝင်မြေ လှူဒါန်းပွဲကို အဆိုပါ ကျောင်းဆောင်တွင် ကျင်းပပြုလုပ်သည်။

ကမ်းဖြူကျေးရွာ ဆရာတော်သည် မိမိဇာတိမြေမှ ကျောင်းသား၊ ကျောင်သူများကို အလယ်တန်း၊ အထက်တန်း ပညာရေးကို ဆက်လက်သင်ကြားစေနိုင်ရန်အတွက် မြေနေရာအကျယ် ၂ ဒသမ ၆၅ ဧက အကျယ်၊ စာသင် ကျောင်းဆောင်အဆောက်အဦး အလျား ၁၄၀ ပေ၊ အနံ ၃၀ ပေရှိ၊ RC တစ်ထပ် ကျောင်းဆောင်၊ ကျောင်းဝင်းအတွင်း ဝန်ထမ်းအိမ်ရာ ၄ လုံး၊ စက်ရေတွင်း သန့်စင်ခန်း အပါအဝင် စုစုပေါင်းတန်ဘိုးငွေ ကျပ် ၇၁ သန်းကို လှူဒါန်းကြောင်း သိရသည်။

အဆိုပါ ပေးအပ်လှူဒါန်းပွဲအခမ်းနားကို နမောတဿ(၃)ကြိမ်ရွတ်ဆိုကာ အခမ်းနားကို ဖွင့်လှစ်ပြီး၊ ကျွန်းပင် ဆရာတော် အရှင်ဇဋိလက အဆောက်အဦးနှင့် ကျောင်းဝင်းမြေကို ပညာရေးဌာနသို့ လှူဒါန်း ပေးအပ်ခြင်းနှင့် ပတ်သတ်၍ သြဝါဒစကား ချီးမြှင့်စကား မိန့်ကြားပြီးနောက် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးမြင့်သိန်း၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်မြို့နယ်ပညာရေးမှူး ဦးကျော်တင်တို့က ကျေးဇူးတင်စကား ပြည်လည် လျှောက်ထားပြောကြားခဲ့ကြ ကြောင်း သိရှိရသည်။

ယင်းနောက် ဆရာတော်၏ ကိုယ်စား ဆရာလေး ဒေါ်ကုမာရီနှင့် ဒေါ်အာသောကနန္ဒီတို့က ကျောင်းဝင်မြေနှင့် အဆောက် အဦပိုင်ဆိုင်မှု စာရွက်စာတမ်းများကို လက်ထောက်ပညာရေးမှူး ဦးကျော်တင်ထံသို့ လွှဲပြောင်း ပေးအပ်သည်။

အခမ်းနားသို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးမြင့်သိန်း၊ အမှတ်(၁)တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးမောင်ဝင်းဝင်းနှင့် သက်ဆိုင်ရာ ဌာနဆိုင်ရာများ၊ ဒေသခံပြည်သူများ တက်ရောက်ကြ ကြောင်း သိရှိရသည်။

စိုးစိုးလှိုင်(ဝက်လက်)