ကော့သောင်းမြို့နယ်၌ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေး တိုက်ဆိုင်စစ်‌ဆေး ဆောင်ရွက်လျက်ရှိ

ကော့သောင်း ဒီဇင်ဘာ ၁၃

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်၌  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ဆောင်ရွက်ရာတွင် မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်စေရေးအတွက် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံး၊ မြို့နယ်ထွေအုပ်၊ မြို့နယ်ကော်မရှင်ဝန်ထမ်းများပေါင်းစပ်၍ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းများကို  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဟံသာဝတီခန်းမ၌ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနအသီးသီးမှ တာဝန်ရှိသူများက ဒုတိယအကြိမ် မဲစာရင်းကပ်ထားကြေငြာပြီးနောက် မဲစာရင်းတွင်ပါဝင်ခြင်းမရှိသည့် ပုံစံ(၃)၊ ပုံစံ(၄)၊ ပုံစံ၄(ဂ)ဖြင့် လျှောက်ထားသူများ၏ အချက်အလက်များအား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ eID Server ဖြင့် တိုက်ဆိုင်စိစစ်ခြင်း၊ မဲစာရင်းမထပ်၊ မကျန်စေရေးဆိုင်ရာ လုပ်ငန်းများနှင့် ကွဲလွဲချက်များမရှိစေရေး တစ်ဆက်တည်း ဖြေရှင်းခြင်းလုပ်ငန်းများအား ပေါင်းစပ်ဆောင်ရွက်လျက်ရှိပါကြောင်း သိရသည်။

ခရိုင် (ပြန်/ဆက်)