အမရပူရမြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်

အမရပူရ ဒီဇင်ဘာ ၁၃

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် ၂ဝ၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယမန်နေ့က မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စုမဲရုံများသို့ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့သည်။

အဆိုပါကွင်းဆင်းစစ်ဆေးရာသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးထွန်းဦးနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဌာနဆိုင်ရာအကြီးအကဲများမှ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်းရှိ မဲရုံများမှ မဲရုံမှူး၊ ဒု-မဲရုံမှူးများ၊ မဲရုံအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့်တွေ့ဆုံ၍ ရွေးကောက်ပွဲကာလအတွင်း လုံခြုံရေးဆောင်ရွက်ပေးမည့် အစီအမံများနှင့် မီးဘေးလုံခြုံရေးဆောင်ရွက်ပေးမည့် အစီအမံများကို ရှင်းလင်းပြောကြားပြီး ရွေးကောက်ပွဲအောင်မြင်စွာဆောင်ရွက်နိုင်ရေး မဲရုံလုံခြုံရေးနှင့်မဲပေးစက်များကို ကျွမ်းကျင်စွာကိုင်တွယ်အသုံးပြုတတ်စေရေး ကြိုတင်လေ့လာထားရန် လမ်းညွှန်မှာကြားခဲ့ပြီး လိုအပ်သည်များကိုပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)