ဒေးဒရဲ ဒီဇင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက တစ်မျိုးသားလုံး ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်စေရေးအတွက် ဒီဇင်ဘာလ(ဒုတိယပတ်) လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက် (၆)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့က စတင်၍ ဒေးဒရဲ-ဖျာပုံကားလမ်း တစ်လျှောက်မှ မြို့မဘောလုံးကွင်းသို့ ပျော်ပျော်ပါးပါး စုပေါင်းဆင်နွှဲခဲ့ကြသည်။
အဆိုပါလူထုစုပေါင်းလမ်းလျှောက်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြသိန်းမောင် ဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ၊ အခြေခံပညာကျောင်းများက ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများက ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲကို ပျော်ပျော်ပါးပါးဆင်နွှဲခဲ့ကြပြီး လမ်းလျှောက်ပွဲအပြီးတွင် ကိုယ်ကာယလေ့ကျင့်ခန်းများနှင့် အားကစားပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့ပြီး ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အေဇာလင်း