မိုင်းတုံမြို့နယ်၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ဆောင်ရွက်

မိုင်းတုံ ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၊ အ.ထ.က မိုင်းတုံစာသင်ကျောင်းဝန်း၌ ယမန်နေ့ ညနေပိုင်းအချိန်က မြို့နယ်ပညာရေး၊ ခရိုင်/မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာန၊ လူကုန်ကူမှုကာကွယ်တားဆီ‌ရေးနှင့် မြို့နယ်ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာနတို့ပူး‌ပေါင်း၍ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် အ.ထ.က မိုင်းတုံမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်သွယ်သွယ်ဟန်က ထူးချွန်ထက်မြတ်သော ကျောင်းသားကောင်းများပေါ်ထွန်းလာစေလို ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦး‌ရာဇာသန်းဝင်းက လူငယ်နှင့်အားကစား အခွင့်အလမ်းခေါင်းစဉ်ဖြင့်လည်းကောင်း ခရိုင်လူကုန်ကူမှုကာကွယ်တာဆီ‌ရေးမှ ဒုရဲအုပ် နန်းထွန်းဦးက လူကာန်ကူမှုဥပဒေဆိုင်ရာ သိ‌ကောင်းစရာ‌ခေါင်းစဉ်ဖြင့်လည်းကောင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က  လူငယ်များစာတတ်မြောက်ရေးဝိုင်းဝန်းကူညီ‌ပေးနှင့် ကျန်းမာရေးကြောင်း၊ ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝင်းက ဗလငါးတန်နှင့်ပတ်သတ်၍ အကျယ်တစ်ဝန်းဟောပြောခဲ့ပြီးနောက် လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝင်းက ကျောင်းသား၊ကျောင်းသူများကို ကိုယ်လက်လှုပ်ရှားအားကစားအကဖြင့် ကပြခဲ့ရာ ကျောင်းသား/ကျောင်းသူများမှ စိတ်ပါဝင်စားစွာလိုက်ကခဲ့ကြောင်း သိရှိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)