မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်၌ ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲ ကျင်းပ

မိုင်းယန်း ဒီဇင်ဘာ ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယန်းခရိုင်၊ မိုင်းယန်းမြို့နယ်တွင် ဒီဇင်ဘာအားကစားလ ဒုတိယအပတ် လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့ နံနက် ၅ နာရီခွဲက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့မှစတင်၍ မြို့မအားကစားကွင်းသို့ စုပေါင်းလမ်းလျှောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ လမ်းလျှောက်ပွဲတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးလင်းသန့်နှင့်ဝန်ထမ်းများ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ဇင်ဦးနှင့်ဝန်ထမ်းများ၊ ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ၊ ဒေသခံပြည်သူများတို့ ပြည်ထောင်စုလမ်းမကြီးတစ်လျှောက် ပျော်ပျော်ပါးပါးပါဝင်စုပေါင်းလမ်းလျှောက်ကြပြီး မြို့မအားကစားဘောလုံးကွင်းအတွင်း၌ သွေးပူလေ့ကျင့်ခန်းနှင့် ကိုယ်လက်လေ့ကျင့်ခန်းများ လုပ်ဆောင်ခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး