တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ မြို့နယ်များ၌ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများကျင်းပ

နေပြည်တော်   ဒီဇင်ဘာ  ၁၃

တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေး အမျိုးသားအားကစားစိတ်ဓာတ်အပြည့်အဝဖြင့် ပြည်သူလူထု တစ်ရပ်လုံး ပါဝင်ဆင်နွှဲစေရေး ရည်ရွယ်၍ ဒီဇင်ဘာလ(ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများကို တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးအသီးရှိ မြို့နယ်များတွင် ကျင်းပလျက်ရှိပါသည်။

အဆိုပါ ဒီဇင်ဘာလ (ဒုတိယပတ်) လူထုလမ်းလျှောက်ပွဲများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဦးဆောင်၍ ယနေ့နံနက် ငါးနာရီခွဲအချိန်မှစ၍ သတ်မှတ်ထားသည့် စုရပ်များမှစတင်၍ လမ်းလျှောက်ပွဲများကို ကျင်းပခဲ့ကြသည်။ လူထုလမ်းလျှောက်ပွဲများကို ဟင်္သာတ၊ အလုံ၊ ထန်းတပင်၊ သာယာဝတီ၊ လမ်းမတော်၊ ပုသိမ်၊ ဥတ္တရသီရိ၊ လေးမျက်နှာ၊ မိုးညို၊ မိုင်းခတ်၊ ကျောက်ဆည်၊ ကျောက်ပန်းတောင်း၊ မိုင်းပန်၊ သန်လျင်၊ မြောက်ဥက္ကလာပ၊ မိုင်းပျဉ်း၊ ကျွန်းလှ၊ ဗိုလ်တထောင်၊ ရွှေပြည်သာ၊ မင်းလှ၊ အောင်လံ၊ တပ်ကုန်း၊ ပွင့်ဖြူ၊ အင်းစိန်၊ ငဖဲ၊ ဆင်ပေါင်ဝဲ၊ မိုင်းယု၊ ကျိုက်လတ်၊ အိမ်မဲ၊ ခန္တီး၊ မော်လမြိုင်ကျွန်း၊ ဝေါ၊ ဆီဆိုင်၊ ပြည်၊ ကြို့ပင်ကောက်၊ မင်းလှ၊ ဒလ၊ မက်မန်း၊ ရွာငံ၊ ပန်းဘဲတန်း၊ ကန့်ဘလူ၊ ပျဉ်းမနား၊ ပေါက်ခေါင်း၊ စေတုတ္တရာ၊ ပန်းတောင်း၊ လှိုင်းဘွဲ၊ နန့်စန်၊ ရွှေတောင်၊ ခရမ်း၊ ကော့သောင်း၊ စစ်ကိုင်း၊ ဘုတ်ပြင်း၊ ဆိပ်ကြီးခနောင်တို၊ ကော့မှူး၊ သီပေါ၊ ကျောက်တံခါး၊ တာချီလိတ်၊ ကျောက်မဲ၊ တမူး၊ ပင်လောင်း၊ မိုင်းတုံ၊ ကသာ၊ ရွှေကျင်၊ စဉ့်ကိုင်၊ လွိုင်လင်၊ မြိတ်၊ ဓနုဖြူ၊ ကျိုက်ထို၊ သံဖြူဇရပ်၊ ရွှေဘို၊ သဲကုန်း၊ ဘီးလင်း၊ ကျောက်တန်း၊ ကွမ်းခြံကုန်း၊ မြို့သစ်၊ ကန်ကြီးထောင့်၊ နောင်ချို၊ ကျောက်တံတား၊ ကလေး၊ မိုင်းရှူး၊ မိုင်းဆတ်၊ တန့်ယန်း၊ မြန်အောင်၊ မောက်မယ်၊ နတ်မောက်၊ စလင်း၊ သုံးခွ၊ ကျိုက်မရော၊ သာစည်၊ ကျုံပျော်၊ ကျောင်းကုန်း၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ မိုးဖြတ်၊ ဆိပ်ဖြူ၊ ကဝ၊ ပူတာအို၊ ရေစကြို၊ နတ်တလင်း၊ မြောင်းမြ၊ ညောင်ဦး၊ မင်းဘူး၊ ညောင်လေးပင်၊ ရေနံချောင်း၊ ဖောင်းပြင်၊ ပုစွန်တောင်၊ တပ်ကုန်း၊ ကျိုင်းတုံ၊ ကွန်ဟိန်း၊ မိတ္ထီလာ၊ ပခုက္ကူ၊ ထန်းတပင်၊ ဒိုက်ဦး၊ ဒက္ခိဏသီရိ၊ လှိုင်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ ပျော်ဘွယ်၊ မိုင်းယောင်း၊ ညောင်ရွှေ၊ လယ်ဝေး၊ အုတ်တွင်း၊ ဝါးခယ်မ၊ ပေါင်၊ ပေါင်းတည်၊ ပင်းတယ၊ ဇလွန်၊ ကလော၊ မရမ်းကုန်းနှင့် ရမည်းသင်း မြို့တို့တွင် ကျင်းပခဲ့ကြသည်။

လူထုလမ်းလျှောက်ပွဲများသို့ ခရိုင်နှင့် မြို့နယ်အဆင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသားကျောင်းသူများနှင့် ပြည်သူများက ပါဝင်ဆောင်ရွက်ခဲ့ကြပြီး လူထု လမ်းလျှောက်ပွဲအပြီးတွင် စုပေါင်းကိုယ်လက်ကြံ့ခိုင်ရေးလေ့ကျင့်ခန်းများနှင့် အားကစားပြိုင်ပွဲများ ကျင်းပခဲ့ကြပြီး ဆုရရှိသူများကို ဆုများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။