တာလေ၌ ကုန်တင်ယာဉ်မောင်းများ၊ ယာဉ်နောက်လိုက်များနှင့် ခရီးသွားပြည်သူများအား ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက်ဆောင်ရွက်

တာလေ ဇန်နဝါရီ ၁

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာလေမြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုများမှ ကြိုတင်ကာကွယ် ထိန်းချုပ် နိုင်ရန်အတွက် ကိုဗစ်-၁၉ ရောဂါ ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ တာဝန်ရှိသူများသည် ကျန်းမာ ရေးစစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့တွင်လည်း တောင်ကြီး - ကျိုင်းတုံ - တာချီလိတ် ပြည်ထောင်စုလမ်းမကြီး တစ်လျှောက်မှ နေ့စဉ် နံနက် ၈ နာရီမှ ညနေ ၄ နာရီခွဲအထိ ဖြတ်သန်း သွားလာနေသော ကုန်တင်ယာဉ်များ၊ ခရီးသည်တင်ယာဉ်များမှ ယာဉ်မောင်း၊ ယာဉ်နောက်လိုက်များနှင့် ခရီးသည်များအား ရောဂါကြိုတင်ကာကွယ်ရေး အတွက် ကျန်းမာရေးညွှန်ကြားချက်များအတိုင်း ခရီးသွားထောက်ခံချက်၊ ရောဂါ ကင်းရှင်းကြောင်း ဆေးထောက်ခံချက် များ စစ်ဆေးခြင်း၊ ခရီးသွားရာဇဝင် မှတ်တမ်းရေးသွင်းခြင်းများအပြင် ကိုယ်အပူချိန်တိုင်းခြင်းနှင့် နှာခေါင်းစည်း Mask တပ်ဆင်သွားလာရန် အလေးထား လိုက်နာရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် တာလေမြို့ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ပူးပေါင်းစစ်ဆေးရေး အတွက် ဖွဲ့စည်း တာဝန် ပေးအပ်ထားသော ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဌာန ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ တာလေမြို့ လောကပါလပရဟိတ လူမှုကူညီရေးအသင်းတို့ ပါဝင်သော ပူးပေါင်းအဖွဲ့တို့ဖြင့် ကိုဗစ်-၁၉ ရောဂါ ကျန်းမာရေးစစ်ဆေးခြင်းများ ဆက်လက် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ကျော်မိုး (ပြန်/ဆက်)