လယ်ဝေး ဒီဇင်ဘာ ၁၄
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် မဲဆန္ဒရှင်ပြည်သူများအားလုံး ပါဝင်မဲပေးနိုင်ရေးအတွက် ရွေးကောက်ပွဲအောင်မြင်ရေး လှုံ့ဆော်မှုဖြစ်သည့် ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များကို လယ်ဝေးမြို့၌ ယမန်နေ့ နံနက် ၉ နာရီက သီရိရတနာ မြို့မဈေးနှင့် လူစည်ကားရာနေရာများတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ဒို့အတူတူ မဲပေးကြမယ် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို နေပြည်တော် ကောင်စီဝင်ဦးမြင့်စိုး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်သူရနှင့် ကော်မတီဝင်များက အနီးကပ်ကြီးကြပ်၍ ဌာနဆိုင်ရာဝန်ထမ်းများက ဖြန့်ဝေပေးခဲ့ကြသည်။
အဆိုပါ အသိပညာပေး လက်ကမ်းစာစောင်တွင် ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်း မရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်၊ ဒီမိုကရေစီခိုင်မြဲဖို့ မဲရုံသွားပြီး မဲပေးကြပါစို့စသည့် အကြောင်းအရာများ ပါဝင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)