မိုင်းဆတ် ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေးနှင့် ပြည်သူတစ်ရပ်လုံးပါဝင်မဲပေးနိုင်ရေးတို့အတွက် ဒို့အတူ တူမဲပေးကြမယ် ရွေးကောက်ပွဲလှုံ့ဆော်မှုများကို ဆောင်ရွက်လျက်ရှိရာ ဒီဇင်ဘာ ၁၂ ရက်က “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူခြင်းကို ပြည်သူ့ဆေးရုံ ရှေ့လမ်းဆုံ၌ စိုက်ထူခဲ့ကြောင်း သိရသည်။
ဦးစွာ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ပြည်သူတစ်ရပ်လုံးပါဝင် မဲပေးနိုင်ရေး “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေး မြေစိုက်ပိုစတာအား ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဉက္ကဋ္ဌ ဦးညီညီထွေး၊ နယ်မြေခံတပ်နယ်မှ ဒုတိယဗိုလ်မှူးကြီး သိန်းဇော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအားလွန်၊ ခရိုင်နှင့်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဋ္ဌနှင့် တာဝန်ရှိသူတို့က အမွှေးနံ့သာရေများပတ်ဖျန်းကာ စိုက်ထူ ပေးသည်။
ထို့နောက် တက်ရောက်လာသော ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လူမှုရေးအသင်းအဖွဲ့များက “ဒို့အတူတူ မဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်များအား ပြည်သူများထံ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
ယဉ်ယဉ်ဝင်း(ပြန်/ဆက်)