ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုဇုန်အတွင်း LED လမ်းမီးလုံးကြီး ၄၄၅ လုံး နှစ်သစ်ကူးညအမီ ထွန်းလင်းခဲ့

ညောင်ဦး ဇန်နဝါရီ ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ‌‌ရှေးဟောင်းပုဂံညောင်ဦး ဒေသတွင်းမြို့ သာယာလှပစေရေးအတွက် LED လမ်း မီးလုံးကြီးများကို တိုးချဲ့တပ်ဆင်ခဲ့ရာ ယမန်နေ့ညဦးပိုင်းမှ စတင်ကာ LED လမ်းမီးလုံးကြီး ၄၄၅ လုံးစတင်၍ ထွန်းလင်းနေပြီဖြစ်ကြောင်း ညောင်ဦးခရိုင် အုပ်ချုပ်ရေးမှူး ဦးကျော်ကျော်အုန်းထံက သိရသည်။

အဆိုပါ LED လမ်းမီးလုံးကြီး ၄၄၅ လုံးအား တိုးချဲ့တပ်ဆင်ပြီး လမ်းမီးများ ထွန်းနိုင်ရန်အတွက် လမ်းမီး အသုံးပြုသည့် လျှပ်စစ်ထရန်စဖော်မာများ အကြီးစားပြုပြင်ထိန်းသိမ်းခြင်းနှင့် လမ်းမီးထရန်စဖော်မာများ တိုးချဲ့တပ်ဆင် တည်ဆောက် ခြင်းများကို ညောင်ဦးခရိုင် လျှပ်စစ်ရုံးနှင့် ပူးပေါင်း၍ တစ်ပါတည်း ဆောင်ရွက်လျက်ရှိကြောင်း၊ ၄င်းလုပ်ငန်းများကို ပုဂံဒေသ ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် သန့်ရှင်းသာယာလှပစေရေးအတွက် ရန်ပုံငွေကျပ်သန်း(၂၅၂၀)မှ ကျခံ ဆောင်ရွက်ခြင်းဖြစ်ကာ ခရီးသွားမြို့တော်ဖြစ်သည့် ရှေးဟောင်း ပုဂံ-ညောင်ဦးဒေသ ပတ်ဝန်းကျင်အတွင်း စိမ်းလန်း စိုပြေရေးနှင့် သန့်ရှင်းသာယာလှပရေးအတွက် အဓိကထား ဆောင်ရွက်ခြင်းဖြစ်ကြောင်း ညောင်ဦးခရိုင်အုပ်ချုပ်ရေးမှူး ဦးကျော် ကျော်အုန်းက ရှင်းပြသည်။

ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသည် ကမ္ဘာ့အမွေအနှစ် စာရင်းဝင် ရှေးဟောင်း ယဉ်ကျေးမှုဇုန် ဧရိယာ တစ်ခုဖြစ်သည့်အလျှောက် LED လမ်းမီးလုံးကြီးများ တိုးချဲ့တပ်ဆင်ပြီး လမ်းမီးထွန်းလင်းခြင်းဖြင့် ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း မြို့သာယာလှပပြီး ဒေသလုံခြုံရေးနှင့် ဘုရားဖူးခရီးသွားများအတွက်ပါ အထောက်အကူပြုနိုင်ကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအလွန် ခရီးသွားများ ပြန်လည်ဖွင့်လှစ်မည့်အချိန် ကြိုတင် ပြင်ဆင်ဆောင်ရွက်ထားပြီဖြစ်ကြောင်း၊ ယခင်က လမ်းမီးမရှိသေးသည့် ပုဂံဘူတာမှ မြို့အဝင်လမ်းတစ်လျှောက်အား နှစ်သစ်ကူးညအမီ ထွွန်းလင်းပေးနိုင်ခဲ့ကြောင်း သိရသည်။

ကိုထိန်၊ KPD