မန္တလေးမြို့  လူထုစုပေါင်းလမ်းလျှောက်ပွဲ လူဦးရေ ၃၇၀၀ ကျော် ပါဝင်ဆင်နွှဲ

ချမ်းအေးသာစံ  ဒီဇင်ဘာ ၁၅

တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူအားလုံးအကျုံးဝင်မည့် ကျန်းမာရေးနှင့် အားကစားကဏ္ဍမြှင့်တင်ဆောင်ရွက်နိုင်ရန်၊ တစ်မျိုးသားလုံး၏ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်၊ အားကစားကို လူအများစိတ်ပါဝင်စားပြီး နိုင်ငံတော်သစ် တည်ဆောက်ရေးလုပ်ငန်းများကို  စွမ်းစွမ်းတမံဆောင်ရွက်စေရန်၊ နိုင်ငံတော်၏ အားကစားအဆင့်အတန်း တိုးတက်မြင့်မားလာစေရန်နှင့် လူတစ်စုအားကစားမှ လူထုအားကစားသို့ဟူသော  ရည်မှန်းချက်ကို  အထောက်အကူပြုစေရန် နိုင်ငံတစ်ဝန်း၌ ဒီဇင်ဘာလအားကစားလူထုစုပေါင်းလမ်းလျှောက်ပွဲကို ကျင်းပသည်။

မန္တလေးမြို့တွင် ဒုတိယအကြိမ် ဒီဇင်ဘာလအားကစား လူထုစုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်၆နာရီက အောင်မြေသာစံမြို့နယ်ရှိမန္တလေး နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီး ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသားကျောင်းသူများ၊ ဆရာ ဆရာမများ တက်ရောက်ကြသည်။ စုပေါင်းလမ်းလျှောက်ပွဲတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရတနာပုံဥယျာဉ်နှင့် ကျုံးရေပြင်ကြား ၁၉ လမ်း ဦးထိပ်တံတားထိပ်အနီးရှိတာလွှတ်နေရာမှ သေနတ်ပစ်ဖောက်၍ စတင်တာလွှတ်ပေးရာ ပြည်သူလူထု စုစုပေါင်းအင်အား ၃၇၀၀ ကျော်က ကျုံးအရှေ့တောင်ဘက်ထောင့်အထိ စုပေါင်းလမ်းလျှောက်ခြင်းကို စည်ကားသိုက်မြိုက်စွာ ပျော်ရွှင်ပါဝင်ဆင်နွှဲခဲ့ကြပြီး စုပေါင်းကိုယ်လက်ကြံ့ခိုင်မှု ကာယလေ့ကျင့်ခန်းအတွဲ (၁/၂)၊ Physical Fitness Dance များ ဖြင့် တပျော်တပါး ဆင်နွှဲခဲ့ကြကြောင်း သိရသည်။ 

ချမ်းမြေ့မောင်(ချမ်း/စံ)