ပြည်ကြီးမဏ္ဍိုင် ဇန်နဝါရီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာနခန်းမတွင် On Line အသိပညာပေးအစီအစဉ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်း အမှတ် “လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာ” Talk Show ရိုက်ကူးတင်ဆက်ခြင်းကို ယနေ့ နံနက် ၉ နာရီ က ပြုလုပ်ခဲ့သည်။
အဆိုပါ Talk Show တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ၊ မြို့ဦးစီးမှူး ဦးမျိုးလွင်က (၇၃)နှစ် မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် Talk Show ရိုက်ကူးတင်ဆက်ခြင်းနှင့် ပတ်သက်၍ ပြည်သူများ လွတ်လပ်ရေးအသိ ၊ သတိဖြင့် အစဉ်နိုးကြားနေစေရန် ရည်ရွယ်ချက်ဖြင့် အစီအစဉ် ရိုက်ကူးတင်ဆက်ခြင်းဖြစ် ကြောင်းနှင့် ပြည်ကြီးမဏ္ဍိုင်မြို့ Book Club ဒု-ဥက္ကဋ္ဌ ဦးငြိမ်းချမ်းအောင်က မြန်မာနိုင်ငံလွတ်လပ်ရေးဆုံးရှုံးခဲ့ရပုံ၊ လွတ်လပ်ရေးရရှိအောင် ပြန်လည်ကြိုးစားခဲ့ပုံနှင့် လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံအကြောင်း အကျယ်တဝင့် ဟောပြောဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
မျိုးလွင်(ပြန်/ဆက်)