ကရသူရိမြို့တွင် ယာဉ်စည်းကမ်း/လမ်းစည်းကမ်း အသိပညာပေးစစ်ဆေး

ကရသူရိ ဇန်နဝါရီ ၁

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့နယ်၊ ကရသူရိမြို့တွင် မော်တော်ယာဉ်များနှင့် မော်တော်ဆိုင်ကယ်များ ကိုဗစ်−၁၉ ကာလအတွင်း သတ်မှတ်ထားသည့် စည်းကမ်းများနှင့်အညီ မောင်းနှင်သွားလာကြရန်နှင့် ယာဉ်စည်း ကမ်း၊ လမ်းစည်းကမ်း အသိပညာပေးစစ်ဆေးခြင်းကို ယနေ့ နံနက် ၉ နာရီ က အမှတ်(၃)ရပ်ကွက် ပြည်ထောင်စု လမ်းမကြီး ပေါ်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ဆေးဆောင်ရွက်ရာတွင် ကရသူရိမြို့အုပ်ချုပ်ရေးမှူး၊ နယ်မြေစခန်းမှူးနှင့် ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ဖြင့် ပူးပေါင်းပြီး မော်တော်ဆိုင်ကယ်များ မောင်းနှံသွားလာရာ တွင် ဆိုင်ကယ်ဦးထုပ်၊ ဘတ်မှန်၊ ယာဉ်မောင်းလိုင်စင်၊ ဘီးလူးခွန်များ သတ်မှတ်ချက်များနှင့်အညီ ပြည့်စုံ မှု ရှိ/မရှိ စစ်ဆေးခြင်း၊ မော်တော်ယာဉ်များအား မြို့အဝင်/အထွက် နေရာများတွင် သတ်မှတ်ထားသည့် နှုန်းအတိုင်းမောင်းနှံရေး၊ ကိုဗစ်−၁၉ ကာလအတွင်း ခရီးသွား ပြည်သူများနှင့် ယာဉ်မောင်းများ Mask တပ်ဆင်သွားလာရေးတို့ကို အသိပေးစစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါစစ်ဆေးခြင်းသည် ယာဉ်မောင်းများ ချမှတ်ထားသည့် စည်းကမ်းချက်များနှင့်အညီ သွားလာနိုင်ရေးနှင့် ကိုဗစ်−၁၉ ကာလအတွင်း လိုအပ်သည့် အချက်အလက်များဖြင့် ခရီးသွားလာနိုင်ရေးတို့ကို ပညာပေးစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စိုးဝင်း(ပြန်/ဆက်)