မိုင်းယန်းမြို့ လူထုအခြေပြုဗဟိုဌာန၌ စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာဖတ်ဝိုင်းဆွေးနွေး

မိုင်းယန်း ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ယမန်နေ့မွန်းလွဲ ၂ နာရီက စာပေချစ်မြတ်နိုးသူများ (Book Club) အသင်းဖြင့် စာရေးဆရာ ဗမိုး ရေးသားထားသော “သင့်အောင်မြင်မှုအတွက် သင်ကိုယ်တိုင်စွမ်းဆောင်ပါ” စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်နှင့် လူငယ်လူရွယ်များအနေဖြင့် စာဖတ်သည့် အလေ့အထကောင်းများ ရရှိစေရန် ရှင်းလင်းပြောကြားပြီး စာရေးဆရာ ဗမိုးရေးသားထားသော “သင့်အောင်မြင်မှုအတွက် သင်ကိုယ်တိုင်စွမ်းဆောင်ပါ” စာအုပ်မှ အခန်း(၁)တွင်ပါဝင်သော လွတ်လပ်လှုပ်ရှားနေသော စွမ်းအားများခေါင်းစဉ်ဖြင့် ဦးဆောင်ဆွေးနွေးသည်။ ထို့နောက် Book Club အသင်းဝင် ဒေါ်စိုးပြည့်ပြည့်ထွေးက အခန်း(၂)တွင်ပါဝင်သော နိုင်ငံ၏သူရဲကောင်းများအဖြစ်သို့ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဒေါ်သီရိမေက ဇွဲနှင့်မာန်နှင့်စွဲမြဲခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ Book Club အသင်းဝင် ဒေါ်အိဖြူလွင်က အနုပညာအလုပ်များ စသည့် ခေါင်းစဉ်အကြောင်းအရာများဖြင့် ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာကြသော စာပေချစ်မြတ်နိုးသူများက  ဆွေးနွေးချက်များအပေါ် မိမိတို့ထင်မြင်ယူဆချက်များ၊ အကြံပြုသုံးသပ်ချက်များကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထွန်းထွန်းထူး