မောက်မယ်မြို့နယ်အတွင်း တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

မောက်မယ် ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မြို့နယ်ပြည်သူ့ဆေးရုံ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်ဦးဆောင်သော မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ ပူးပေါင်းပါဝင်သောအဖွဲ့သည် ယမန်နေ့ ညနေ ၃ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကွင်းဆင်းဆောင်ရွက်ရာတွင် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းစိစစ်ရေးကော်မတီဝင် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မြို့နယ်ကျန်းမာရေးဦးစီးဌာန၏ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုခွင့်ပြုရန်ပုံငွေကျပ် (၆၅.၉)သန်းဖြင့် တင်ဒါအောင်မြင်ခဲ့သော ရှမ်းသစ်လွင်ကုမ္ပဏီမှ တာဝန်ယူအကောင်အထည်ဖော်ဆောင်ရွက်နေသည့် မြို့နယ်ပြည်သူ့ဆေးရုံ အုတ်ခြံစည်းရိုးကာရံခြင်းလုပ်ငန်းအား (၁၄၉၂ ပေ) ၇၅% ဆောင်ရွက်ပြီးစီးမှုနှင့်ပတ်သက်၍ အမှန်တကယ်ပြီးစီးမှု ရှိ/မရှိ အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)