ကျောက်ပန်းတောင်းမြို့နယ်၌ ရွေးကောက်ပွဲကာလ မီးလောင်မှုမဖြစ်ပွားစေရန် အသိပေးနှိုးဆော်

ကျောက်ပန်တောင်း ဒီဇင်ဘာ ၁၆

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလအတွင်းကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလအတွင်း ရပ်ကွက်/ကျေးရွာများ၌ မီးလောင်မှု၊ မီးလန့်မှု မဖြစ်ပွားစေရန်အတွက်၊ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မဲရုံအဆောက်အဦနှင့် အနီးဝန်းကျင်နေရာများ မီးဘေးလုံခြုံရေး စစ်ဆေးပညာပေးခြင်းနှင့် လမ်းမကြီးများအလိုက် အသိပေးနှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေ/ အရန်မီးသတ်တပ်ဖွဲ့ဝင်များသည် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၌ ရွေးကောက်ပွဲကာလအတွင်း မဲရုံများနှင့်ပတ်ဝန်းကျင်ဒေသများ မီးဘေးလုံခြုံရေးစစ်ဆေးပညာပေးခြင်းနှင့်ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မြို့ပေါ်လမ်းမများအလိုက် မီးဘေးလုံခြုံရေး အသိပေးနှိုးဆော်ခြင်းများကို ဒီဇင်ဘာလဆန်းမှစ၍ နေ့စဉ်/ အပတ်စဉ် ဆောင်ရွက်လျက်ရှိကြောင်းနှင့် မဲရုံဆောက်လုပ်မည့် အဆောက်အဦ/နေရာများနှင့် ပတ်ဝန်းကျင်မှ လူနေအိမ်အဆောက်အဦးများ၊ ဌာနဆိုင်ရာအဆောက်အဦများ မီးဘေးလုံခြုံရေး စစ်ဆေး/ပညာပေးခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)