စဉ့်ကိုင်မြို့နယ်၌ အမျိုးသားဘောလုံးပြိုင်ပွဲ ကျင်းပ

စဉ့်ကိုင် ဒီဇင်ဘာ ၁၆

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် အားကစားကွင်းအတွင်း၌ ယမန်နေ့ နံနက်ပိုင်းက အားကစားလှုပ်ရှားမှုအဖြစ် အမျိုးသား‌ဘောလုံးပြိုင်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အမျိုးသားဘောလုံးပြိုင်ပွဲကို မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဇော်ရဲလှိုင်၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းမှ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကျန်းမာကြံ့ခိုင်ပြီး ထူးချွန်ထက်မြက်သော အားကစားသမား‌များ ပေါ်ထွန်းလာစေရေးတို့ကို ရည်ရွယ်ကာ ဒီဇင်ဘာအားကစားလှုပ်ရှားမှုအဖြစ် ကျင်းပ‌ပြုလုပ်ရခြင်းဖြစ်‌‌ကြောင်း သိရသည်။

အမျိုးသားဘောလုံးပြိုင်ပွဲတွင် မြတ်စေနာကိုယ်ပိုင်ကျောင်းအသင်း၊ ဧည့်ပြအသင်း၊ ‌လင်းရောင်ဦးအသင်းနှင့် EDUFLAG ဘော်ဒါအသင်းတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ မြတ်စေတနာကိုယ်ပိုင်ကျောင်းအသင်းကို ဧည့်ပြလူငယ်အသင်းမှ (၁) ဂိုးပြတ်ဖြင့် အနိုင်ရဗိုလ်ဆွဲခဲ့ကြောင်း သိရပြီး၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ပထမဆုရရှိခဲ့သည့် ဧည့်ပြလူငယ်အသင်းနှင့် ဒုတိယဆုရရှိခဲ့သည့် မြတ်စေတနာကိုယ်ပိုင်ကျောင်းအသင်းတို့အား ဆုများ အသီးသီး ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)