ကျောက်ဆည် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စက်မှုလယ်ယာဦးစီးဌာနအနေဖြင့် တောင်သူများ စိုက်ပျိုးရေးကဏ္ဍတွင် သီးနှံများ ရိတ်သိမ်းလွန် လေလွင့်မှုမရှိစေရေး၊ အချိန်မီစက်ပျိုးနိုင်ရေး စက်ကိရိယာများနှင့် ရိတ်သိမ်းခြွေလှေ့ခြင်း၊ ထွန်းယက်ခြင်းလုပ်ငန်းများကို ဝန်ဆောင်မှုပေးလျက်ရှိကြောင်း သိရသည်။
ထိုသို့ ဝန်ဆောင်မှုများ ဆောင်ရွက်ပေးရာ၌ ယမန်နေ့က ကြောင်ပန်းကုန်းကျေးရွာ ဦးပိုင် (၁၇၂/၉၃) တောင်သူ ဦးကျော်စွာဝင်း၏ စပါးရိတ်သိမ်းပြီးမြေအား ဆောင်းကုလားပဲများ အချိန်မီစိုက်ပျိုးနိုင်ရေး လယ်ထွန်စက်ဖြင့် ထွန်ယက်ခြင်းလုပ်ငန်းများ ဝန်ဆောင်မှုများ ပေးခဲ့ကြောင်း သိရသည်။
စက်ကိရိယာများဖြင့် ဝန်ဆောင်မှုပေးခြင်းများနှင့်ပတ်သတ်၍ “ဒီနှစ်စပါးရိတ်သိမ်းခြင်းနောက်ကျသည့်အတွက် ဆောင်ကုလားစိုက်ပျိုးရန်အတွက် မြေအစိုဓာတ်ရှိချိန်မှာ နွားနှင့်ထယ်ပါက အချိန်ကြာပြီး ကုလားပဲ စိုက်ပျိုးရာတွင် ရာသီနောက်ကျပြီး အပင်ပေါက်မသေချာသည့်အတွက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနကို ထွန်စက်အကူအညီပေးဖို့ ပြောသည့်အခါ စက်မှုလယ်ယာဦးစီးဌာနနမှ ချက်ချင်းအကူအညီပေးသည့်အတွက် အဆင်ပြေပြီး ဆောင်ကုလားပဲများလည်း စိုက်ပျိုးပြီးဖြစ်ကြောင်း” တောင်သူဦးကျော်စွာဝင်းက ပြောပြသည်။
သက်မောင်(ကျောက်ဆည်)