စဉ့်ကိုင် ဒီဇင်ဘာ ၁၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် ကျောင်းကျန်းမာရေးသီတင်းပတ် လှုပ်ရှားမှုအဖြစ် KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
KG ကျောင်းသား/ကျောင်းသူများအား အာဟာရကျွေးမွေးရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါက်တာအေးလွင်၊ မြို့နယ်မိခင်ကလေးကျန်းမာရေးဌာနမှ တာဝန်ရှိသူများက သက်ဆိုင်ရာကျောင်းအုပ်ဆရာကြီး/ဆရာမကြီးများနှင့် ဆရာ/ဆရာမများ ပူးပေါင်းပြီး KG ကျောင်းသား၊ ကျောင်းသူများအား တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းပြောကြားခဲ့ပြီး စနစ်တကျလက်ဆေးနည်းများ၊ သွားခံတွင်းသန့်ရှင်းရေးလုပ်ငန်းများကို လက်တွေ့ဆောင်ရွက်ပေးခဲ့ပြီး ကြက်သားဟင်း၊ ကြက်ဥကြော်နှင့် အာဟာရပဲထမင်းများ ကျွေးမွေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ တာဝန်တစ်ဦးထံမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)(၃၉၉)