ဗန်းမော်မြို့တွင် မဲဆန္ဒရှင်ပြည်သူများထံ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ဖြန့်ဝေ

ဗန်းမော်  ဩဂုတ်  ၅

ကချင်ပြည်နယ် ဗန်းမော်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများတို့က ပူးပေါင်း၍ ၂ဝ၂ဝ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်နှင့် ပိုစတာများ ကို ယနေ့ နံနက် ၈ နာရီတွင် ဗန်းမော်မြို့ သီရိရတနာဈေး၊ အမှတ်(၂)ဈေးနှင့် ကုက္ကိုလ်တောဈေးအတွင်းသို့ မဲဆန္ဒရှင်များထံ ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

လက်ကမ်းစာစောင်ဖြန့်ဝေရာတွင် ဗန်းမော်မြို့နယ် ရွေးကော်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသာဗျောနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာကော်မတီဝင်များ၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်သဲစုမိုးနှင့်ဝန်ထမ်းများတို့သည် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်က ထုတ်ဝေသည့်  "မဲဆန္ဒရှင်စာရင်းတွင် သင့်အမည်ပါဝင်ပါသလား" အသိပညာပေး လက်ကမ်းစာစောင် (၃ဝဝ)စောင်၊ ပိုစတာအကြီး(၅ဝ)ကပ်ထူခြင်းနှင့် "မကြာခဏ မေးလေ့မေးထရှိသော မဲဆန္ဒရှင်စာရင်း ဆိုင်ရာ မေးခွန်းနှင့်အဖြေများ" ပိုစတာအသေး(၁၅ဝ)တို့ကို ဗန်းမော်မြို့ သီရိရတနာဈေး၊ အမှတ်(၂) ဈေးနှင့် ကုက္ကိုလ်တောဈေးတို့မှ ဈေးရောင်း၊ ဈေးဝယ်နေသည့် မဲဆန္ဒရှင်ပြည်သူများထံ အခမဲ့ ဖြန့်ဝေခဲ့ကြပြီး မဲစာရင်းများ သွားရောက်ကြည့်ရှုကြရန်နှင့် မဲစာရင်းတွင် အမည်မပါရှိခြင်း၊ မှားယွင်းခြင်းများရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ထံသို့ အချိန်မီအကြောင်း ကြားကြရန် ပညာပေး လှုံ့ဆော်ခြင်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

ကိန်းဖြူ(ပြန်/ဆက်)