မန္တလေး ဇန်နဝါရီ ၁
မွေးစမှ(၅)နှစ်ထိ ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို ယနေ့ နံနက် ၉ နာရီက အောင်မြေသာစံမြို့နယ်၊ ပုလဲငွေရောင်ရပ်ကွက်၊ လမ်း ၂၀ နှင့် ၈၂ လမ်းထောင့်ရှိ တဝဂူဘုရား အတွင်း၌ ပြုလုပ်သည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ရပ်ကွက် ကျန်းမာရေး တာဝန်ခံ ဒေါ်အေးမြင့်ရည်နှင့် ဝန်ထမ်းများ၊ ရပ်ကွက်မိခင်ကလေး စောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအဖွဲ့မှ ဒေါ်ညွန့်ညွန့်အေးနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးဝင်းကိုကိုနှင့် ရာအိမ်မှူးများက စုပေါင်း၍ ရပ်ကွက် အတွင်းရှိ မွေးစမှ အသက်(၅)နှစ်ထိ ကလေးငယ် ကျား(၂၅)ဦး၊ မ(၂၀) ဦး၊ ပေါင်း(၄၅)ဦးတို့အား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ ဆေးတိုက်ခြင်းတို့ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ဇော်လင်းဦး (အောင်စံ)