ကာလိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လိုက်လံ အသိပညာပေးနှိုးဆော်

ကာလိ ဒီဇင်ဘာ ၁၆

ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကင်းဝေးစေရေး၊ မီးသတိမူရေးနှင့် မီးဘေးအန္တရာယ်များကို ကြိုတင်၍ ကာကွယ်နိုင်ရန်အတွက် သတိပြု လိုက်နာဆောင်ရွက်ရမည့် စည်းကမ်းချက်များအား ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးနှိုးဆော်ခြင်းကို  ယမန်နေ့ ညနေပိုင်း ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကာလိမြို့ မြို့ပေါ်ရပ်ကွက်အတွင်း မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ အသိပညာပေး နှိုဆော်ဆောင်ရွက်ခဲ့သည်။

ထိုသို့ အသိပညာပေးနှိုးဆော်မှုများဆောင်ရွက်ရာတွင် ကာလိနယ်မြေ မီးသတ်စခန်းမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲမင်းဟိန်းဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များက  ရပ်ကွက်များအတွင်းသို့ မီးသတ်ယာဉ်ဖြင့် လှည့်လည်၍ ရပ်ကွက်နေပြည်သူများအနေဖြင့် လျှပ်စစ်မီး၊ မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျငြိမ်းသတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ ကလေးသူငယ်များ မီးဖြင့် ဆော့ကစားခြင်း မပြုလုပ်စေရန်၊ နေအိမ်များတွင် မီးချိတ်၊ မီးကပ်၊ မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက်ထားရန်၊ တရားမဝင်လောင်စာဆီများ သိုလှောင်ခြင်း၊ ရောင်းချခြင်းမပြုလုပ်ရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များ စနစ်တကျရှင်းလင်းထားရှိရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါကအမြန် ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာ မီးသတ်ဦးစီးဌာန ဖုန်းနံပါတ်များအား လိုက်လံအသိပေး နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)