ကလိန်အောင်မြို့၌ (၇၃) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ကလိန်အောင် ဇန်နဝါရီ ၁

လွတ်လပ်ရေးနေ့အကြောင်း သိကောင်းစရာများကို ပြည်သူများ လေ့လာသိရှိနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး‌ဌာန(ရုံးချုပ်)မှ စီစဉ်ထုတ်ဝေသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်း စကား လက်ကမ်းစာစောင်များကို တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ကလိန်အောင်မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ယနေ့ နံနက် (၇)နာရီခန့်က လူစည်ကားရာ မြို့မဈေးနှင့်လမ်းဆုံလမ်းခွ နေရာများ၌ လိုက်လံဖြန့်ဝေခဲ့သည်။

အသိပညာပေး လက်ကမ်းစာစောင်တွင် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်၊ လွတ်လပ်ရေး သစ္စာ အဓိဋ္ဌာန်(၉)ချက်၊ လွတ်လပ်ရေးအသိ လွတ်လပ်ရေး သတိ၊ ညီညွတ်ရေးကို ဦးတည်ကြပါ၊ လွတ်လပ်ရေးဆိုတဲ့ အဓိပ္ပါယ် ၊ (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်များ၊ အမျိုးသားညီညွတ်ရေးကို အခြေခံ၊ ကာကွယ် စောင့်ရှောက်၊ ဆောင်ပုဒ်၊ ကဗျာ၊ ကာတွန်း၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသည့် မိန့်ခွန်းမှ ကောက်နုတ်ချက်၊ (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ထံမှ ပေးပို့သောသဝဏ်လွှာမှ ကောက်နုတ်ချက်အစရှိသော အကြောင်းအရာများ ပါဝင်သည့် သတင်းစကား လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဒေါ်မိုးမိုးခိုင် (ကလိန်အောင်၊ပြန်/ဆက်)