မိုင်းတုံမြို့၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေး ကျင်းပ

မိုင်းတုံ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်အထွေ‌‌ထွေအုပ်ချုပ်ရေးရုံးဝန်းရှိအစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာများ၊ ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ ပူးပေါင်း၍ ‌မြို့နယ်ရွေးကောက်ပွဲကော်မရှင် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ ညပိုင်းအချိန်က ကျင်းပခဲ့‌ကြောင်း သိရသည်။

ယင်းအစည်းအဝေးတွင် ခရိုင်စီမံခန့်ခွဲရေးအဖွဲ့ဥက္ကဋ္ဌ ဦးငြိမ်းထွန်းကျော်က ယနေ့အစည်းဝေးသည် လဝက်အစည်းဝေးဖြစ်ကြောင်း၊ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ နီးကပ်‌နေပြီးဖြစ်သည့်အတွက် မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် မဲစာရင်းမှန်ကန်စေရေးနှင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲစာရင်းတွင် မကျန်ရှိစေရေးအတွက် တစ်အိမ်တက်ဆင်း တက်ညီလက်ညီဖြင့် မြေပြင်ကွင်းဆင်း၍ မဲပေးပိုင်ခွင့်ရှိသူ (၁၈)နှစ်ပြည့်ပြီးအထက် စာရင်းများ တိုက်ဆိုင်စစ်ဆေးဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် မဲစာရင်းအမှန်ရရှိပြီးဖြစ်သည့်အကြောင်း၊ မိုင်းတုံမြို့နယ်အနေဖြင့် ကြိုတင်မဲပေးနိုင်ရေးကို ဇန်နဝါရီ ၁ ရက်နေ့မှ ၁၀ ရက်အတွင်း မဲထည့်နိုင်‌ ရေးနှိုးဆော်လိုကြောင်း၊ စကားပြောကြားပြီးနောက် မြို့နယ်စီမံခန်းခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးလွင်မိုးက အစည်းအဝေးသည့် လစဉ်ပုံမှန်အစည်းအဝေးဖြစ်ကြောင်း ဌာနဆိုင်ရာများ မိမိတို့လုပ်ငန်းများ အခက်အခဲရှိပါက ပေါင်းစပ်ပေးနိုင်ရန်အတွက် တစ်လကို နှစ်ကြိမ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်းပြောကြားခြင်း၊ မြို့နယ်‌ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင် ဦးအောင်အောင်ထွန်းက မိမိတို့တာဝန်ယူထားရသည့်အပိုင်းကို အမှားမရှိစေရေး အထူးကြပ်မတ်ဆောင်ရွက်‌နေမှုကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့အတွင်းရေးမှူး ဒေါ်နန်းနွမ်းဖောင်က ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၁၆/၁၇ ရက်များတွင် မှင်တို့သူ၊ မဲရုံလုံခြုံ‌ရေးနှင့် မဲစာရင်းစစ်ဆေးသူတို့အား သင်တန်းပို့ချပေးသွားမှာဖြစ်ကြောင်း ပြောကြားသည်။

ဆက်လက်ပြီး မြို့နယ်‌အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးများကလည်း အပြန်အလှန်‌ ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝင်းဝင်းခိုင်(မိုင်းတုံ၊ ပြန်/ဆက်)