တာလေမြို့၌(တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့၏ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်း အခမ်းအနားကျင်းပ

တာလေ ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ (တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂ဝ၂၇ ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များနှင့် သားသတ်လုပ်ငန်းလိုင်စင်များ သက်တမ်းတိုးစနစ်/ ဈေးပြိုင်လေလံစနစ်ဖြင့် လေလံတင်ရောင်းချခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီက တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာန၌  ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ တာချီလိတ်မြို့နယ် စည်ပင်သာယာရေးဌာနမှ အမှုဆောင်အရာရှိ ဦးအောင်ကိုမင်းက အဖွင့်အမှာစကားပြောကြားပြီး တာလေမြို့နယ်ခွဲ စည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံ ဦးမနားရွှီးနှင့် ကျိုင်းလပ်မြို့နယ် ခွဲစည်ပင်သာယာရေးဌာနမှ မြို့နယ်ခွဲတာဝန်ခံတို့က လေလံတင်ရောင်းချခြင်းဆိုင်ရာကိစ္စရပ်များနှင့်စပ်လျဉ်း၍ သက်တမ်းတိုးရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ ဈေးပြိုင်စနစ်ဖြင့် လေလံတင်ရောင်းချခြင်းဆိုင်ရာ စည်းကမ်းချက်များ၊ လုပ်ငန်းများအလိုက် လိုက်နာရမည့်စည်းကမ်းချက်များအား  ရှင်းလင်းပြောကြားသည်။

ထို့နောက် လေလံတင်ရောင်းချရေးအဖွဲ့ တာဝန်ရှိသူများက (တာလေ+ကျိုင်းလပ်)မြို့နယ်ခွဲစည်ပင်သာယာရေးဌာနတို့၏ ၂၀၂၆-၂၀၂၇ခု ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်(၃)ခုနှင့် သားသတ်လုပ်ငန်းလိုင်စင်(၈)ခုအား လေလံတင်ရောင်းချပေးခဲ့ကြောင်းနှင့် အဆိုပါအခမ်းအနားသို့ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် လုပ်ငန်းလိုင်စင်လျှောက်ထားသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

ရဲထက်ဦး(ပြန်/ဆက်)