မိုင်းရှူးမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းဆောင်ရွက်

မိုင်းရှူး ဒီဇင်ဘာ ၁၆

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းရှူးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် စာအုပ်စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက်(၁၀)နာရီခွဲ အချိန်က အမှတ်(၁) အခြေခံပညာမူလတန်းကျောင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်ဥမ္မာထွေးက စာဖတ်ခြင်း၏ အကျိုးကျေးဇူးများ၊ စာဖတ်ခြင်းဖြင့် အကောင်းအဆိုး၊ အမှားနှင့် အမှန်ကို ခွဲခြားတတ်စေရေးအကြောင်း ဟောပြောပြီး စာကြည့်တိုက်လက်ထောက် (၃)ဒေါ်ငုဝါက ကလေးများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရုပ်ပြပုံပြင် စာအုပ်များဖတ်ပြပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား သုတ၊ ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)