အမရပူရမြို့နယ်၌ တရားမဝင်မော်တော်ယာဉ်များ ရောင်းချမှုမရှိစေရေး ကွင်းဆင်းစစ်ဆေး

အမရပူရ  ဒီဇင်ဘာ  ၁၆

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၌ အမရပူရမြို့နယ်၌ တရားမဝင်မော်တော်ယာဉ်များ ရောင်းချမှုမရှိစေရေးအတွက် ယနေ့နံနက် ၁ဝ နာရီက အမရပူရမြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းများနှင့် မော်တော်ဆိုင်ကယ်အရောင်းပြခန်းများတွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။ 

အမရပူရမြို့နယ် စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးအနေဖြင့် ဌာနဝင်ငွေခွန်ရရှိရေး၊ အခွန်ဘဏ္ဏာငွေများ တိုးမြှင့်ရရှိရေးနှင့် မြို့နယ်တွင်း GDP တိုးတက်ရရှိစေရေးအတွက် ဆောင်ရွက်လျက်ရှိရာ မြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းများနှင့် မော်တော်ဆိုင်ကယ်အရောင်းပြခန်းများတွင် တရားမဝင်မော်တော်ယာဉ်များ ရောင်းချမှုမရှိစေရေးတို့အတွက် မြို့နယ်စည်ပင်သာယာရေး အုပ်ချုပ်ရေးမှူးရုံးမှ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းနှင့်ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦသိန်းတိုးဝင်းနှင့်ဝန်ထမ်းများနှင့် မြစ်ငယ်ရဲစခန်းမှ ဒုရဲအုပ်ဝေသူရဖြို့နှင့် ပူးပေါင်းအဖွဲ့တို့မှ မြို့နယ်အတွင်းရှိ ကားအရောင်းပြခန်းများနှင့် မော် တော်ဆိုင်ကယ်အရောင်းပြခန်းများတွင် ကွင်းဆင်းစစ်ဆေးခဲ့ပြီး မြို့နယ်အတွင်း တရားမဝင်မော်တော်ယာဉ်များ ရောင်းချမှုမရှိစေရေးတို့အတွက် ကွင်းဆင်းစစ်ဆေးခြင်းများကို ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအုပ်ချုပ်ရေးမှူးရုံးမှ သိရသည်။

စိုးသီဟ(အမရ)